နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက် အလင်းအိမ်စာကြည့်တိုက်မှ နိုင်ငံတော်အဆင့် ဘွဲ့ရဆရာတော်များနှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက် “အလင်းအိမ်စာကြည့်တိုက်” ရွှေသင်္ခါပညာရေးဖောင်ဒေးရှင်းမှ ဦးဆောင်ကျင်းပသည့် နိုင်ငံတော်အဆင့် ဘွဲ့ရဆရာတော်များနှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ်၌ နိုင်ငံတော်အစိုးရမှ ဆက်ကပ်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ငါးပါး၊ သီလရှင်တစ်ပါးတို့အား ထပ်ဆင့်ချီးကျူးပူဇော်သည့်“ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာ” အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လွတ်လပ်ရေး နေ့တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်သောသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ငါးပါးနှင့်သီလရှင်တစ်ပါးတို့အား ထပ်ဆင့်ချီးကျူးပူဇော်သည့် “ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ” အခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီက မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်တွင် ကျင်းပရာ တပ်ကုန်း မြို့နယ်သူ မြို့နယ်သားများမှ ထပ်ဆင့်ဂုဏ်ပြုပူဇော်သည့် “ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ” အခမ်းအနား သို့ မြို့နယ်ဩဝါဒစရိယ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တစန္ဒာသီရိနှင့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသောမန အမှူး ပြုသည့် ပင့်သံဃာတော် ၁၀ပါး၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ငါးပါးနှင့်သီလရှင်တစ်ပါး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုးနှင့်ဝန်ထမ်းများ၊ မြို့နယ် သာသနာရေးမှူးဦးနီနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ဥပတ္ထမ္ဘ အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးပြီး တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းအတွင်း၊ အပြင်၌ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဆရာ/ ဆရာမများက ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ သစ်ပင်များအလင်းဖွင့်ခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များသင်ကြားသည့် ကျောင်းဆောင်များကို ကြည့်ရှုအားပေးသည်။

ပုဗ္ဗသီရိမြို့နယ်၌ မိုးမြေပဲ လျာထားဧက (၁၆၃၆)ဧက အနက် (၂၅၆) ဧက စိုက်ပျိုးပြီးစီး

ပုဗ္ဗသီရိမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးမြေပဲ လျာထားဧက (၁၆၃၆)ဧက အနက်တွင် (၂၅၆) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပုဗ္ဗသီရိမြို့နယ်ရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံ

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်၍ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

တပ်ကုန်းမြို့နယ်၌ မိုးမြေပဲလျာထားဧက ၁၅၀၁၇ အနက် ၁၉၈၅၄ ဧကစိုက်ပျိုးပြီးစီး

တပ်ကုန်းမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်မိုးမြေပဲ လျားထားဧက ၁၅၀၁၇ အနက်မှ လျားထားဧကထက် ၄၈၃၇ ဧကကျော်လွန်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ၌(၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တောင်သူများအား ထောက်ပံ့ငွေများပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာတွင် (၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် စိုက်ပျိုးလုပ်ကိုင်သော သမဝါယမအသင်းသား တောင်သူများအား မျိုးသွင်းအားစုအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ပျဉ်းမနားမြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအကြောင်း အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမ၏ ဦးဆောင်မှုဖြင့် ကျင်းပသည့် မိုးရာသီကာလအတွင် ဖြစ်ပွားတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းအကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဦးကျေးရပ်ကွက်၊ မေတ္တာမွန်ခန်းမ၌ ကျင်းပခဲ့သည်။

ပျဉ်းမနားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကင်ပွန်းတန်းကျေးရွာအုပ်စု ကင်ပွန်းတန်းကျေးလက်ဆေးပေးခန်း၌ ထိုးနှံပေးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၌   ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး ၁၂၃၃၃ ဧက စိုက်ပျိုးပြီးစီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံများဖြစ်သည့် ဖူးစားပြောင်း၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်း၊ နေကြာနှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဝမ်းစာစပါးဖူလုံရေး မိုးစပါးများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ