တပ်ကုန်း ဇူလိုင် ၅
တပ်ကုန်းမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်မိုးမြေပဲ လျားထားဧက ၁၅၀၁၇ အနက်မှ လျားထားဧကထက် ၄၈၃၇ ဧကကျော်လွန်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တပ်ကုန်းမြို့နယ်တွင် ယခင်နှစ် မိုးရာသီမိုးမြေပဲ ၁၅၀၁၇ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ တစ်ဧက ပျမ်းမျှအထွက် ၄၈ ဒသမ ၅၄ ထွက်ရှိကြောင်း၊ ယခုနှစ် မိုးမြေပဲ ၁၅၀၁၇ ဧကလျာထားစိုက်ပျိုးပြီး၊ တောင်သူတွေ မေလဆန်းတွင် စတင်စိုက်ပျိုးကြရာ ဇူလိုင်လထိ ၁၉၈၅၄ ဧက စိုက်ပျိုးနိုင်ကြောင်းသိရပြီး၊ မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပိုးမွှားကျရောင်မှုကင်းစင်ရေး၊ ပေါင်းမြက်ကင်းရှင်းရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးပြေးဆေးပြုလုပ်သုံးစွဲရေး စသည့်စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်တွင် နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နှင့် အခြားသီးနှံမျိုးစုံစိုက်ပျိုးကြကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိကြကြောင်း သိရသည်။
တင်စိုးလွင်