နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေးဟောပြော

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူများ ပိုမိုယဉ်ကျေးလိမ္မာစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှေ့၌ ကျင်းပခဲ့ သည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးရေး တွေ့ဆုံပွဲနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအခြေခံအထက်တန်းကျောင်း ကျောင်းသားဦးရေ ပြည့်မီရေး၊ မြို့နယ်အတွင်း သီးနှံစုံဒိုင် ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နွေစပါးနောက်ဆုံးရိတ်သိမ်းမှုအခြေအနေ၊ မိုးစပါးစိုက်ဧကပြည့်မီရေး၊ ရာသီအလိုက် သီးနှံစုံပန်းတိုင် အထွက်နှုန်းပြည်မီရေး၊ မွေးမြူရေးအားနည်းနေသဖြင့် မွေးမြူရေးလုပ်ငန်းရှင်များပြားရေး၊ မြို့နယ်အတွင်း ကုန်စည်ဒိုင် ဖွင့်လှစ်နိုင်ရေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက မြို့နယ်အတွင်းရှိ ဆည်များမှ မိုးစပါးစိုက်ပျိုးရေ ဆောင်ရွက်နေမှုအခြေအနေ၊ မိုးသီးနှံ ရာထားဧကနှင့် စိုက်ပျိုးထားရှိမှုအခြေအနေများအား တင်ပြခဲ့ကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လိုအပ်သည့်များ ဖြည့်စွက်မှာကြားခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း စာကြည့်တိုက်အသစ်ဆောက်လုပ်မည့်မြေနေရာများအား ပန္နက်တင်ခြင်းအခမ်းအနား ကျင်းပ

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေကျပ် သိန်း (၁၅၀)ဖြင့် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာ၌ စာကြည့်တိုက်အဆောက်အဦအသစ် တည်ဆောက်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာများ၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အမှတ်(၁)ရပ်ကွက်၌ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးနှင့် သန်ချဆေးများ တိုက်ကျွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ မြို့နယ်ကျန်းမာရေးဌာနမှ ဆရာမဒေါ်သန်းသန်းလှိုင်ပါ (၄)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက  ဆင်ခြေထောက်ရောဂါကာကွယ်ဆေးနှင့် သန်ချဆေးများကို ယမန်နေ့နံနက်ပိုင်းက တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်၌ မိုးနှမ်း လျာထားဧက (၄၂၈၇)ဧကအနက် (၄၆၄) ဧက စိုက်ပျိုးပြီးစီး

ပုဗ္ဗသီရိမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးနှမ်း လျာထားဧက (၄၂၈၇)ဧက အနက်တွင် (၄၆၄) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး၌ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်သင်ကြား

သတင်းရေးသားခြင်း၊ သတင်းဗီဒီယိုရိုက်ကူးခြင်နှင့် သတင်းမီဒီယာကျင့်ဝတ်များကို သိရှိနားလည် ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားသည်။

ပျဉ်းမနားမြို့နယ်၌ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံချက်အဖြစ် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိသည်။

(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို  ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာရွတ်ဆိုနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ် (၂၀) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် အမှတ်(၂၁) အခြေခံပညာအထက်တန်းကျောင်းတို့၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကိုယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် မီးသတ်ဦးစီးဌာနမှူးရုံး၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါရုံးဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ