ပုဗ္ဗသီရိမြို့နယ်၌ မိုးမြေပဲ လျာထားဧက (၁၆၃၆)ဧက အနက် (၂၅၆) ဧက စိုက်ပျိုးပြီးစီး

ပုဗ္ဗသီရိ ဇူလိုင် ၆

ပုဗ္ဗသီရိမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးမြေပဲ လျာထားဧက (၁၆၃၆)ဧက အနက်တွင်  (၂၅၆) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် ယခင်နှစ် မိုးရာသီ မိုးမြေပဲ (၁၆၃၆)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ တစ်ဧက ပျမ်းမျှ အထွက် ၄၈ ဒသမ ၅၄ ထွက်ရှိကြောင်း၊ ယခုနှစ် မိုးမြေပဲ (၂၅၆) ဧက လျာထားစိုက်ပျိုးပြီး၊ တောင်သူ များအနေဖြင့် မေလဆန်းတွင် စတင်စိုက်ပျိုးကြရာ ဇူလိုင်လထိ(၂၅၆)ဧက စိုက်ပျိုးနိုင်ကြောင်း သိရပြီး၊ မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပိုးမွှားများ ကင်းစင်ရေး၊ ပေါင်းမြက်  ကင်းရှင်းရေး၊  သဘာဝမြေဩဇာ၊   သဘာဝပိုးသတ်ဆေးနှင့် ပိုးပြေးဆေး  ပြုလုပ်သုံးစွဲရေး စသည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကာ အသိပညာ ပေးလျက်ရှိရာ၊ ပုဗ္ဗသီရိမြို့နယ်တွင် နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ အမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နှင့်အခြားသီးနှံမျိုးစုံစိုက်ပျိုးကြကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့်လည်း စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)