ပုဗ္ဗသီရိမြို့နယ်ရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံ

ပုဗ္ဗသီရိ ဇူလိုင် ၅

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်၍ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးအား ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျွဲ၊ နွား ကူးစက်ရောဂါများ ထိန်းချုပ်နိုင်ရန်အတွက် ထိုးနှံပေးခြင်းဖြစ်ရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်သိန်းနှင့် ဝန်ထမ်းများ၊ အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သားများက ယနေ့တွင် ပုဇွန်ဆိပ်ကျေးရွာအုပ်စု၊ လယ်သာကျေးရွာအုပ်စုနှင့် ညောင်လူးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များသို့  သွားရောက်၍ ကျေးရွာများရှိ ကျွဲ၊ နွား(၁၃၅၆)ကောင်အား ထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့် ကျေးရွာအုပ်စုများရှိ ကျွဲ၊ နွားများကိုလည်း ဇူလိုင်လ ၄ ရက်နေ့မှ ၁၃ ရက်အထိ သွားရောက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။