ပျဉ်းမနား ဇူလိုင် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမ၏ ဦးဆောင်မှုဖြင့် ကျင်းပသည့် မိုးရာသီကာလအတွင် ဖြစ်ပွားတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းအကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဦးကျေးရပ်ကွက်၊ မေတ္တာမွန်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးက မိုးရာသီတွင်ဖြစ်ပွားတတ်သည့် ရောဂါများအကြောင်းနှင့် ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ အေးအေးမာက မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုအကြောင်းအားလည်းကောင်း၊ ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါတိုက်ဖျက်ရေးဌာန(ငှက်ဖျား)ဌာနမှ ငှက်ဖျားကြီးကြပ်သူ ဦးကိုကိုက ရပ်ကွက်/ ကျေးရွာများ အတွင်းသို့ အဖွဲ့များခွဲ၍ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များနှင့် အဘိတ်ဆေးအသုံးပြုပုံများအားလည်းကောင်း အသီးသီးရှင်းလင်း တင်ပြဆွေးနွေးခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက မိုးရာသီကာလအတွင် ဖြစ်ပွားတတ်သည့် ရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအကြောင်း သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးနှင့် တာဝန်ရှိသူများက ဦးကျေးရပ်ကွက်ရှိ နေအိမ်များအတွင်း ရေစည်၊ ရေအိုးများ၊ ပန်းအိုး များနှင့် တာယာ အဟောင်းများစသည့် ရေတင်ကျန်နိုင်သော နေရာများအား အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး သွေးလွန်းတုပ်ကွေးရောဂါ၏ အလက္ခဏာများနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)