နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းအမှတ်စဉ် (၆/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနနှင့် သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်)မှ ပူးပေါင်းကျင်းပသည့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်းအမှတ်စဉ်(၆/၂၀၂၅)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက သုခစိုးဟိုတယ်၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဦးမျိုးဇော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

လယ်ဝေးမြို့တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်များမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများ၊ ဌာနမှူးများနှင့် ကထိကများ တတိယနေ့ ဆက်လက်သင်ကြား

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်‌များမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများ၊ ဌာနမှူးများ၊ ကထိကများပါဝင်သောအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင်း လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ်(၂)နှင့် ချမ်းမြေ့ရိပ်သာကျောင်းတို့၌ တတိယနေ့အဖြစ် ဆက်လက်သင်ကြားပေးလျက်ရှိသည်။

ဥတ္တရသီရိမြို့နယ်၊ သစ်ဝင်တိုင်းကျေးရွာအတွင်းရှိ ငလျင်‌ဘေးသင့်ပြည်သူများအား အလှူငွေများ လာရောက်လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သစ်ဝင်တိုင်းကျေးရွာအတွင်း မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေး‌မြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအား  ယမန်နေ့နံနက်ပိုင်းတွင် အလှူငွေများ  လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများ၊ ရေပိုက်လိုင်းများနှင့် လမ်းများ ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မေလ ၅ ရက်နေ့ ညနေပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇမ္ဗူသီရိမြို့နယ်၊ ကံ့ကော်အိမ်ရာသို့ သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံနှုန်းနှင့်အညီ စနစ်တကျပြုပြင်ရေး၊ သောက်သုံးရေများအမြန်ဆုံးရရှိအောင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ဇမ္ဗူသီရိမြို့နယ် စည်ပင်ဧည့်ရိပ်သာတွင် မန္တလေးငလျင်သက်ရောက်မှုကြောင့် ခံစားနေရသူများအား စိတ်လူမှုဆိုင်ရာပံ့ပိုးပေးခြင်းနှင့် (Child Friendly Space) လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မန္တလေးငလျင်သက်ရောက်မှုကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ၊ နေအိမ်များပြိုလဲပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းများနှင့် (Child Friendly Space) လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ဆောင်ရွက်ခဲ့သည်။

တပ်ကုန်းမြို့နယ် မြောက်မြိုက်(ရှ)ကျေးရွာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငွေနှင့်ပစ္စည်းစုံပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မြောက်မြိုက်(ရှ)ကျေးရွာတွင် မတ်လ ၂၈ ရက် မန္တလေးမြေငလျင်လှုပ်ခတ်မှုကြောင့် လူနေအိမ် ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ယမန်နေ့ နံနက်ပိုင်းက ငွေနှင့်ပစ္စည်းစုံပေးအပ်ခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌  ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်းများအား အလှူငွေများ ပေးအပ်လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို မေလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီက အင်တိုင်းသာဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင်များ၊ နေပြည်တော်သာသနာရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် မြို့နယ်သာသနာရေးမှူးများ တက်ရောက်ခဲ့ကြသည်။

လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းအမှတ်စဉ် (၆/၂၀၂၅)သင်တန်းဆင်းပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနနှင့် သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်)မှ ပူးပေါင်းကျင်းပသည့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း အမှတ်စဉ် (၆/၂၀၂၅)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သုခစိုးဟိုတယ်၌ ကျင်းပရာ ညွှန်ကြားရေးမှူး ဦးဇော်လင်း၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်‌ဆေး၊ ၂၀၂၅ ခုနှစ်၊ တက္တသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်‌ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြား

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊  တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ ရသေ့တောင်ကျေးရွာရှိ တိုးတက်မုန့်ဖတ်ခြောက်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက ထုတ်လုပ်ရောင်းချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက စိုက်ပျိုး၊ မွေးမြူရေး ထွက်ကုန်များကို အခြေခံပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ အရည်အသွေးမြင့် ထုတ်ကုန်များထုတ်လုပ်ပြီး ပြည်တွင်းသာမက၊ ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး၊ အရည်အသွေးနှင့် ထုတ်ပိုးမှု ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ