တပ်ကုန်းမြို့နယ် မြောက်မြိုက်(ရှ)ကျေးရွာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငွေနှင့်ပစ္စည်းစုံပေးအပ်

တပ်ကုန်း မေ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မြောက်မြိုက်(ရှ)ကျေးရွာတွင် မတ်လ ၂၈ ရက် မန္တလေးမြေငလျင်လှုပ်ခတ်မှုကြောင့် လူနေအိမ် ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ယမန်နေ့ နံနက်ပိုင်းက ငွေနှင့်ပစ္စည်းစုံပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါရွာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါ်ရီရီတင် ဦးဆောင်သည့် နေပြည်တော် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ငလျင်ဘေးသင့် အိမ်ထောင်စု (အိမ်ပြို/ အိမ်ပျက်) ၂၂ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၅၀၀၀၀) နှင့် ဆန် ၆ ပြည်ဆံ့ တစ်အိတ်၊ မီးဖိုချောင်သုံးပစ္စည်း (ဒန်အိုး၊ ဒန်ခွက်၊ ဒယ်အိုး) အပါဝင် ပုံးတစ်ပုံးအား ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်