နေပြည်တော် မေ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မန္တလေးငလျင်သက်ရောက်မှုကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ၊ နေအိမ်များပြိုလဲပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းများနှင့် (Child Friendly Space) လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွဲ့စည်းထားသော ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဝန်ထမ်းများနှင့်ပူးပေါင်းအဖွဲ့များက စည်ပင်ဧည့်ရိပ်သာတွင်နေထိုင်လျက်ရှိသည့် ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးနိုင်ရန်အတွက် စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းနှင့် (Child Friendly Space) လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ကို (ပုဗ္ဗသီရိ)