နေပြည်တော်ကောင်စီဝင်းအတွင်းရှိ ဌာနဆိုင်ရာများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ကောင်စီဝင်းအတွင်းရှိ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်း၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုရာ နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။