ငဖဲမြို့နယ်အတွင်းရှိ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး(စာရေးဝန်ထမ်း) (၃၃)ဦးအား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတာဝန် ထမ်းဆောင်လျက်ရှိသည့် (စာရေး ဝန်ထမ်း) (၃၃)ဦးအား ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရပ်ကွက်/ကျေးရွာရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်မှုအား အသိအမှတ်ပြုသည့် အနေဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က ငဖဲမြို့နယ်အထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။