ဦးစီးဌာန(ရုံးချုပ်)

ဆင်ပေါင်ဝဲမြို့နယ်၊ အင်ပင်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ဝန်ထမ်း အိမ်ရာ ဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပညာရေးကဏ္ဍ အဆင့်မြင့် မားရေးအတွက် အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အင်ပင်လှကျေးရွာ

ပျဉ်းမနားမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစာအိမ်ထောင်စုများအား တတိယအကြိမ်မြောက်ထောက်ပံ့ငွေများ ပေးအပ်ပြီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခဏခရိုင်၊ ပျဉ်မနားမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိ သော အခြေခံလူတန်းစားအိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်၊ တားဆီရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးက ထောက်ပံ့သည့် တတိယအကြိမ်မြောက်ထောက်ပံ့ငွေများကို စက်တင်ဘာ ၁၉ ရက်နေ့မှစတင်ပေးအပ်ခဲ့ရာ ယနေ့၊ မွန်းလွဲပိုင်းတွင် အိမ်တိုင်ရာရောက်ပေးအပ် ပြီးဖြစ်ကြောင်း သိရသည်။

မြင်းခြံမြို့ရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအနက် တစ်ဦး ထပ်မံဆေးရုံဆင်းခွင့်ရ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူ နေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအနက် တစ်ဦးမှာ ရောဂါသက်သာ ပျောက်ကင်း၍ ယနေ့တွင် ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း မြင်းခြံခရိုင် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းဝင်းထံက သိရသည်။

မောက်မယ်မြို့၌ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ၊ အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်း ဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ မြောက်ဘက် ကံ့ကော်လမ်း၌ ယမန်နေ့နံနက် ၉ နာရီအချိန် က ပြုလုပ်ခဲ့သည်။

ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask များ စနစ်တကျ တပ်ဆင်ရေး တတိယအကြိမ် Mask Campaign လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အတွက် ပါးစပ် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရေး တတိယအကြိမ် Mask Campaign ပြုလုပ်ခြင်းနှင့် Mask အခုရေး ၁၀၀၀ အား အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ်-၁ ရပ်ကွက် မြန်မာ့ရေနံဌာနခွဲရှေ့၌ ပြုလုပ်ခဲ့သည်။

ဝက်လက်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၅၁၇၆၅) စုထံ ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများကို ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များထံ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွာသာကြီးစခန်းနှင့် စိုင်နိုင်စခန်းများကို လည်းကောင်း၊ မွန်းလွဲ ၂ နာရီက မြို့မစခန်းနှင့် လှတောစခန်းများသို့ လည်းကောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။

ကျောက်မဲမြိုတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ မြင့်တက်လာသည့် နောက် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ အစီအစဉ်ဖြင့် စက်တင်ဘာလဆန်းပိုင်းကစ၍ လာရှိုး-မန္တလေးသွားပြည်ထောင်စု လမ်းမတစ်လျှောက်ရှိ ကျောက်မဲမြို့ အဝင် လမ်းများထဲမှ ပင်လုံလမ်းတစ်လမ်းတည်းသာ ဖွင့်လှစ်ပေးပြီး ကျန်လမ်း များကို ပိတ်ဆို့ထား၍ အဆိုပါ ပင်လုံလမ်းထိပ်၌ ကျန်းမာရေး စစ်ဆေးရေး ဂိတ်ထားရှိကာ မြို့အတွင်း ဝင်ရောက်သူ ခရီးသည်များ၏ ခရီးသွားရာဇဝင်များရယူခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများသည့် ဒေသမှပြန်လာသည့်သူများကို အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာသို့ ပို့ဆောင်ထားရှိပြီး အသွား အလာကန့်သတ်၍ စောင့်ကြည့်ထားသည်။

နမ္မတူမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မင်းတုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ ဖြန့်ဝေမည့် ကျောင်းသုံးဗလာစာအုပ်များ သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီခြင်း ရှိ/မရှိ စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ဖြန့်ဝေရန် ရောက်ရှိ လာသည့် ကျောင်းသုံးဗလာစာအုပ်များ သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးတွင် စစ်ဆေးဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)