ရေဖြူ၊ နိုဝင်ဘာ ၅
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရေဖြူမြို့နယ်အတွင်း ပါတီ (၇)ခုမှ ကိုယ်စားလှယ်လောင်း (၂၆)ဦးတို့ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရေဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၅) ဦး၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်လောင်း (၄) ဦး၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် (၇) ဦး၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် (၅) ဦးနှင့် ကရင်တိုင်းရင်းသားများကိုယ်စားလှယ် (၅) ဦး စုစုပေါင်း (၂၆) ဦး အသီးသီးဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ် ကြောင်း သိရသည်။
ဖြူဖြူရှိန် (ရေဖြူ ပြန်/ဆက်)