မူဆယ် နိုဝင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် (၂၀၂၀)ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ၌ အသုံးပြုရန်အတွက် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများသို့ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေးခြင်းကို အောက်တိုဘာလ(၃၀)ရက်နေ့မှစတင်၍ မူဆယ်မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက စတင်ထုတ်ပေးလျက်ရှိသည်။
မူဆယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော အဖွဲ့တို့က အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲများထံသို့ တစ်ဖွဲ့ချင်းစီအလိုက် ရရှိမည့် ပစ္စည်းများကို စနစ်တစ်ကျ စိစစ်ထုတ်ပေးခဲ့ပြီး မူဆယ်မြို့နယ်အတွင်းမှ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲများက လာရောက် ထုတ်ယူခဲ့ကြသည်။
မူဆယ်ခရိုင်အတွင်း၌ သက်ကြီးရွယ်အိုများနှင့် ဆန္ဒမဲကြိုတင်ထည့်ခွင့်ရှိသူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်၌ ကြိုတင် ဆန္ဒမဲများစတင်မဲထည့်နေပြီဖြစ်ကြောင်း သိရသည်။
စန္ဒာ(ပြန်/ဆက်)