မောက်မယ်၌ နေကြာနှင့်ပဲတီစိမ်းသီးနှံသီးညှပ်စိုက်ခင်း မျိုးသန့်ပွားမျိုးစေ့ထုတ် စံပြစိုက်ကွက်လုပ်ငန်း ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနပိုင် မြေအကျယ် ၅ ဧကရှိသောခြံ၌ ဘက်စုံ အဆင့်မြင့်နည်းပညာဖြင့် စိုက်ပျိုးမည့် မျိုးသန့်ပွား၊ မျိုးစေ့ထုတ်နေကြာနှင့် ပဲတီစိမ်းသီးနှံ(ရေဆင်း−၁၁) သီးညှပ်စံပြစိုက်ကွက် စိုက်ပျိုးခြင်းလုပ်ငန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင်က ဦးဆောင်၍ ဝန်ထမ်းများမှ ယမန်နေ့ နေ့လယ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။