ဝေါမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဝေါ နိုဝင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင် ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ဝေါမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဌာနဆိုင်ရာများ အနေဖြင့် ပေါင်းစပ်ဆောင်ရွက် ရမည့် လုပ်ငန်းများနှင့် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးလှိုင်က ပြောကြားသည်။
ထိုနောက် ဌာနဆိုင်ရာများမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပါဝင်ဆောင်ရွက် ရမည့် ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြပြီး အသီးသီး မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်ကော်မရှင် အတွင်းရေးမှူး ဒေါ်ထိုက်ထိုက်လွင်က မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ သိရှိလိုသည်များအား ရှင်းလင်း ပြောကြားသည်။
ဝေါမြို့တွင် မဲဆန္ဒရှင်စာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ရပ်ကွက်နှင့် ကျေးရွာပေါင်း (၆၄)ခု၊ မဲရုံ စုစုပေါင်း(၁၁၆)ခု၊ မဲဆန္ဒရှင်စာရင်း (၁၅၀၉၅၇)  ဦးရှိပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့ တွင် နံနက်(၆)နာရီမှ ညနေ(၄)နာရီအထိ ပြည်သူများအား မဲပေးခွင့်ပြုသွားမည်ဖြစ်ရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)