ဇလွန် နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရန် စီစဉ်ထားသော မဲရုံများအား မီးဘေးအန္တရာယ် လုံခြုံရေးအတွက် ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနောင်၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးရန်လင်းထွဋ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၁ နာရီအချိန်ခန့်တွင် စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် စီစဉ်ထားသော မဲရုံများတွင် မတော်တဆဖြစ်ပွားတတ်သော မီးဘေးအန္တရာယ်နှင့် လျှပ်စစ်ဝါယာရှော့မှတဆင့် ဖြစ်ပွားတတ်သော မီးဘေးအန္တရာယ် တို့ဖြစ်ပွားလာပါကအချိန်မီ ငြိမ်းသတ်နိုင်ရန်စီစဉ်ထားရှိမှု ၊ မဲရုံနှင့် မဲရုံပတ်ဝန်းကျင်ရှိ အဆောက်အအုံများ၊ မဲရုံအတွင်း မီးဘေးအန္တရာယ်ကာကွယ်ရန် မီးသတ်ဆေးဘူးထားရှိမှု အခြေအနေများနှင့် အရေးပေါ်အခြေအနေ ရေရရှိစေရေး ဆောင်ရွက်ထားရှိမှုတို့ ကို စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)