မွန်ပြည်နယ်တွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းကော်မတီ (၁/၂၀၂၃) အစည်းအဝေးကျင်းပ
မွန်ပြည်နယ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေဖော်ထုတ်ပြီး ကွင်းဆင်းသုတေသနပြု မှတ်တမ်းတင်ခြင်း ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန်ရည်ရွယ်၍ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၃) ကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ယဥ်ကျေးမှုပြတိုက်၌ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒြပ်မဲ့ယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် ပြင်ပပညာရှင်များ၊ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။