ဦးစီးဌာန(ရုံးချုပ်)

ဘီးလင်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရာတွင် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်းရှိ အမျိုးသမီးငယ် များအား သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရာတွင် ကျန်ရှိနေသူများအား ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် မိခင်နှင့် ကလေးကျန်းမာရေး ဌာန၌ ထိုးနှံပေးလျက် ရှိသည်။

စာဖတ်ရှိန်မြှင့်တင်ရေး ကြုံကြိတ်ကျေးရွာ အ.မ.ကကျောင်းသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ကျောင်းသူ၊ ကျောင်းသားများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရေးအတွက်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ကြုံကြိတ်ကျေးရွာ အ.မ.ကကျောင်းတွင် ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

မြောင်မြို့တွင် ငါးသယံဇာတ ထိန်းသိမ်းရေး သိကောင်းစရာ Talk Show ပြုလုပ်

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်၍ “ငါးသယံဇာတ ထိန်းသိမ်းရေး သိကောင်းစရာ အကြောင်း'' Talk Show ကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

လှည်းကူးမြို့နယ်၊ ဒါးပိန်တောင်ကျေးရွာအုပ်စုတွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဒါးပိန်တောင်ကျေးရွာအုပ်စုတွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်(၉)နာရီက စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါအိုမီခရွန်မျိုးကွဲ B.4, B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က ကမမောင်းမြို့ အမှတ်(၂)ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးကွဲ B.4, B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။

သီတင်းကျွတ်လပြည့်နေ့၌ စစ်တွေမြို့ပွိုင့်ကမ်း‌ခြေနှင့် ဟိုတယ်ကမ်းခြေတို့တွင် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ

သီတင်းကျွတ်လပြည့်နေ့ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်တွင် စစ်တွေမြို့ ပွိုင့်ကမ်းခြေနှင့် ဟိုတယ် ကမ်းခြေတို့တွင် အပန်းဖြေ အနားယူသူများဖြင့် စည်ကားများနေသည်ကို တွေ့ရသည်။

မိုးညိုမြို့နယ်ရှိ ရွှေဘုန်းပွင့် ဆုတောင်းပြည့် ဖောင်တော်ဦး စေတီတော်မြတ်ကြီးတွင် ဘုရားဖူး လာရောက်သူများဖြင့် စည်ကားလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဘုရားငူကျေးရွာရှိ မဏိစည်သူ မင်းတရားကြီး တည်ထားကိုးကွယ်တော်မူသော ရွှေဘုန်းပွင့် ဆုတောင်းပြည့် ဖောင်တော်ဦး စေတီတော်မြတ်ကြီးတွင် ယနေ့နံနက်ပိုင်းမှစ၍ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်နှင့် စာပေဗဟုသုတများ ရရှိစေရန်အတွက် စာဖတ်သူများ လက်ဝယ်အရောက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ပိုင်းက အမှတ်(၂) အခြေခံပညာ မူလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပုံပြော၊ ကဗျာ၊ သီချင်းဆို ပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနင့် မူလတန်း ကြိုကျောင်းတို့ ပူးပေါင်း၍ ပုံပြော၊ ကဗျာ၊ သီချင်းဆိုပြိုင်ပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီ အချိန်က လူထုအခြေပြု ဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌  ကျင်းပခဲ့သည်။

ပခုက္ကူတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကို အောက်တိုဘာလ ၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ကျင်းပသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)