ဦးစီးဌာန(ရုံးချုပ်)

လှိုင်မြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး နေ့စဉ်ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ လှိုင်မြို့နယ်တွင်လည်း အမှတ်(၁၃)ရပ်ကွက်၊ ပန်းခြံကျောင်းလမ်းတွင် ယနေ့နံနက် ၁၀:၀၀ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက် ရှိကြောင်းသိရသည်။

လယ်ဝေးမြို့နယ်၊ အေလာ၊ သရက်​တောပရိယတ္တိစာသင်တိုက်၌ ဒုတိယအကြိမ် မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် လယ်ဝေးမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီခွဲက လယ်ဝေးမြို့၊ အေလာ၊ သရက်တောပရိယတ္တိစာသင်တိုက်၌ကျင်းပရာ လယ်ဝေးမြို့နယ်၊ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၊ သရက်တောကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တကုမာရ အရှင်သူမြတ် အမှူးပြုသည့် ဆရာတော်သံဃာတော်(၂၀)ပါး ကြွရောက်ချီးမြှင့်တော်မူသည်။

သထုံခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းကထိန်လျာသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ စေတနာရှင်များစုပေါင်းကာ ဧကဒဿမ အကြိမ်မြောက် စုပေါင်းကထိန်လျာသင်္ကန်း ဆပ်ကပ်လှုဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက သထုံမြို့ ရွှေစာရံစေတီဝင်းအတွင်းရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ဆွေဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကမမောင်းမြို့၌ အသိပညာပေးနံရံကပ်စာစောင်များပြသ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မူးယစ်အန္တရာယ်ပြည့်ရန်စွယ်ကာကွယ် တိုက်ဖျက်ပြည့်သူ့အတွက်အကြောင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လူတိုင်းပါဝင်ဆောင်ရွက်ပေးအကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ချိတ်ဆွဲပြသခဲ့ကြောင်း သိရှိရသည်။

ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် ရက်တိုသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre၌ ယမန်နေ့နံနက် ၉ နာရီက ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် ရက်တိုသင်တန်းဖွင့်လှစ်ခဲ့သည်။

သာပေါင်းမြို့နယ်၌ လေဘေးသင့်မိသားစုအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကျားရဲကျေးရွာအုပ်စု၊ မဏ္ဍိုင်ကုန်းစွန်းကျေးရွာ၌ အောက်တိုဘာလ ၂၄ ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၃)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၃၃၆၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀၀)၊ စုစုပေါင်းရန်ုပုံငွေ(၃၃၃၆၀၀)၊ သရက်ကုန်းကျေးရွာအုပ်စု၊ ပေါက်လွတ်ကျေးရွာတွင် အောက်တိုဘာလ၂၄ ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး

ရသေ့တောင်မြို့၌ အဝေးသင်စာမေးပွဲဖြေဆိုပြီး ကျောင်းသား၊ ကျောင်းသူများ ပြန်လည်ရောက်ရှိ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှ စစ်တွေတက္ကသိုလ်အဝေးသင်ဌာနသို့ တတိယနှစ်အဝေးသင်စာမေးပွဲသို့ သွားရောက် ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ ခန့်က

ပြင်ဦးလွင်ခရိုင် Community Centre တွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေသင်တန်းဖွင့်လှစ်

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်အတွင်းရှိ ဝန်ထမ်းများအား  ရုံးလုပ်ငန်းများ လုပ်ဆောင်ရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ နားလည်တတ်ကျွမ်းစေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် ပြည်သူများ  ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် Mask  Campaign ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ကားကြီးဝန်းလမ်းနှင့် ပင်လုံဈေးလမ်းဆုံ၌ ခရီးသွား ပြည်သူများနှင့် စျေးရောင်း စျေးဝယ်များကို ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး အသိပညာပေး   Mask  Campaign ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တီးတိန်မြို့၌မြို့တွင်းလှပသာယာရေးစုပေါင်းသန့်ရှင်းရေးပြုလုပ်

ချင်းပြည်နယ်တီးတိန်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့်မြို့တွင်း လှပသန့်ရှင်းရေး အတွက်ယမန်နေ့နံနက် ၈နာရီက စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)