ငွေဆောင် မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယနေ့လေပြင်းများ တိုက်ခတ်မှုကြောင့် အ.ထ.က ဆင်မစာသင်ကျောင်းရှိ မူလတန်းကျောင်းဆောင်နှင့် အမှတ်(၃) ရပ်ကွက်၊ ဟိုတယ်ဇုန်လမ်းနှင့် မြို့မလမ်း ထောင့်ရှိ အ.ထ.က ငွေဆောင် စာသင်ကျောင်းတို့တွင် အမိုးလန်ကာ သွပ်များပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ငွေဆောင်မြို့တွင် မိုခါမုန်တိုင်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်မှုများ ရံဖန်ရံခါ ဖြစ်ပေါ်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီ ၅၀ အချိန်က ဆင်မကျေးရွာအုပ်စု၊ အ.ထ.ကဆင်မ၊ မူလတန်းကျောင်းဆောင်တွင် အမိုးသွပ် ၈ ချပ် အမိုးလန်ပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုး (၁၅၀၀၀၀/)ကျပ်ခန့်ဆုံးရှုံးမှုရှိကာ ယမန်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်က လေပြင်း တိုက်ခတ်မှုကြောင့် ငွေဆောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဟိုတယ်ဇုန်လမ်းနင့် မြို့မလမ်းထောင့်ရှိ အထက(ငွေဆောင်) မြတ်အဏ္ဏဝါ(နှစ်ထပ်စာသင်ဆောင်) အမိုးသွပ် ၁၈ ပေ ၄ ချပ်၊ မျက်နှာကျက် ကျောက်ပြား ၈ ပေ ၃ ပေ ၄ ပြားနှင့် “မ” အိမ်သာသွပ် ၆ ပေ ၁၀ ချပ် စုစုပေါင်း ကာလတန်ဖိုး (၃၁၈၀၀၀)ကျပ်ခန့် အမိုးလန်ပြိုကျပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
R – O14( ငွေဆောင်)