မြိတ်ခရိုင် လူရည်ချွန်မောင်မယ် ကျောင်းသား/သူများအား တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ မြိတ်လေဆိပ်တွင် ဂုဏ်ပြုကြိုဆို

မြိတ်  မေ  ၅

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ ထူးချွန်ထက်မြက်သည့် မြိတ်ခရိုင်မှ လူရည်ချွန်မောင်မယ် ကျောင်းသား/သူသည် လူရည်ချွန် စခန်းများသို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပြီး ယနေ့ နံနက်ပိုင်းတွင် မြိတ်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ မြိတ်လေဆိပ်တွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဂုဏ်ပြုကြိုဆိုရာတွင် လူရည်ချွန်မောင်မယ်များကို တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများမှ ဂုဏ်ပြုပန်းကုံး၊ ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး လေဆိပ်ခန်းမဆောင်တွင် လူရည်ချွန်မောင်မယ်များအား တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားသည်။

မြိတ်ခရိုင်၏ လူရည်ချွန်မောင်မယ်များတွင် မြိတ်မြို့နယ်မှ(၆)ဦး၊ တနင်္သာရီမြို့နယ်မှ(၁)ဦး၊ ကျွန်းစုမြို့ နယ်မှ(၁)ဦးနှင့် ပုလောမြို့နယ်မှ(၁)ဦးတို့ဖြစ်ကြ၍ အဌမတန်း၊ ဒသမတန်း၊ ဧကာဒသမတန်းတို့မှ ကျောင်း သား/သူများဖြစ်ကြကာ ၄င်းတို့သည် ပုဂံ၊ တောင်ကြီး၊ ငွေဆောင် လူရည်ချွန်လေ့လာရေး အပန်းဖြေစခန်းများသို့ သွားရောက်လေ့လာခဲ့ကြပြီး ယနေ့တွင် ရန်ကုန်မြို့မှ မြိတ်မြို့သို့  လေကြောင်းခရီးစဉ်ဖြင့်  ပြန်လည်ရောက်ရှိလာကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )