ဦးစီးဌာန(ရုံးချုပ်)

ပုဗ္ဗသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်-၂ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး

ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊ အောင်သုခကျေးရွာ အ.ထ.ကစာသင်‌ကျောင်းအတွင်းရှိ စာကြည့်တိုက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်လဝကမှူး ဒေါ်ခိုင်နီဦးပါ ၂ ဦးတို့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်များအား ကြည့်ရှုအားပေး

အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးတွင် နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ကောက်ယူ လျက်ရှိပြီး ကချင်ပြည်နယ်အတွင်း၌လည်း မြို့နယ်ပေါင်း (၁၁)မြို့နယ် တွင် စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်သွား မည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့နယ် ပလန(၂) ကံ့ကော်မြိုင်ကျေးရွာ ရွှေကံ့ကော်ခန်းမ၌ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

မိုင်းတုံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ စာကြည့်တိုက်သို့  မလာနိုင်သည့် စာ‌ပေချစ်သူ စာဖတ်ပရိတ်သတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှု ဉာဏ်ရည်များရင့်သန်လာစေရန်၊ အမှားနှင့် အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများ ရရှိစေယုံသာမက မှတ်စုစာအုပ်တွင် မှတ်သားသင့်သည်များကို မှတ်သားထားခြင်းဖြင့် နောင်တစ်ချိန်တွင် တန်ဖိုးရှိသည့် စာပေများအဖြစ် အသုံးချတက်စေရန် ရည်ရွယ်၍ ယနေ့  နံနက် ၁၀း၀၀အချိန်က ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ် လုံမုံကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာတွင် ဘက်စုံသုံးခန်းမ တည်ဆောက်ပေးနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်သူလူထုများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေရာ လုံမုံကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ပေးနေကြောင်း သိရသည်။

ကွန်ဟိန်းမြို့ မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော်၌ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ် (၄) ရပ်ကွက်အတွင်းရှိ မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော်တွင် (၁၃၈၅ ခု၊ သီတင်းကျွတ်လပြည့်နေ့) အောက်တိုဘာလ ၂၉ ရက်နေ့၊ ညနေ ၆ နာရီခန့်က ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် ဖလန်ပင်ကျေးရွာ၌ (၆)လပဲခေါ် မြေပြန့်မြေပဲများ နှုတ်သိမ်း

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဖလန်ပင်ကျေးရွာ၌ (၆)လခေါ် မြေပြန့်မြေပဲများ နှုတ်သိမ်းလျက်ရှိကြောင်း တောင်သူ ဦးထွန်းဝေထံက သိရသည်။

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ အမြို့မြို့အနယ်နယ်ရှိ ဘုရားစေတီများတွင် ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာပြည်သူများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စည်ကားလျက်ရှိ

တာချီလိတ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ရွှေတိဂုံဘုရား စေတီတော်ကြီး၌ ဆီမီး ၁၀၀၀ ကို စစ်ဗျူဟာအခြေချ ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအသင်းများ၊ ဒေသနေတိုင်းရင်းသားပြည်သူများ၊ ရပ်နီးရပ်ဝေး ခရီးသွားဧည့် သည်များက စုပေါင်းကုသိုလ်ယူ ထွန်းညှိပူဇော်ခဲ့ကြသည်။ အေးအေးလတ်

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ အမြို့မြို့အနယ်နယ်ရှိ ဘုရားစေတီများတွင် ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာပြည်သူများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စည်ကားလျက်ရှိ

မြို့သစ် မကွေးခရိုင်၊မြို့သစ်မြို့တွင်သီတင်းကျွတ်မီးထွန်းပွဲတော်ကို ယမန်နေ့ မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများဖြစ်သော သာလေးသာသ မိုင်းဝင်၊ လှိုင်နံသာ၊ လေသာ၊ ရွှေဘုံသာနှင့် အင်ကြင်းသာစေတီတော်တို့တွင် ကျင်းပလျက်ရှိရာ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ပြုသူများ၊ အပန်းဖြေအနားယူကြသူများဖြင့် စည်ကားလျက်ရှိကြောင်း၊ ၎င်းအပြင် မြို့သစ်မြို့ ဗိုလ်ချုပ်ပန်းခြံတွင်လည်း အများပြည်သူအပန်းဖြေနိုင်ရန်အတွက် ရောင်စုံလျှပ်စစ်မီးများဖြင့် အလှဆင်ထွန်းညှိထားရာ အပန်းဖြေအနားယူသူ၊ အလှဓာတ်ပုံရိုက်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။ သန်းဝင်းထွန်း(ပြန်/ဆက်)

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ အမြို့မြို့အနယ်နယ်ရှိ ဘုရားစေတီများတွင် ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာပြည်သူများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စည်ကားလျက်ရှိ

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ညတွင် မင်းဘူးမြို့၏ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ ဆီမီး ၁၀၀၀ ၊ ရေချမ်းနှင့် ပန်းများကပ်လှူပူဇော်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း စက္ကိန်းတဲဘဏ္ဍာထိန်းဂေါပက ဥက္ကဌ ဦးကျော်သိန်းထံမှ သိရသည်။ ဇေယျာထက်(မင်းဘူး)

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ အမြို့မြို့အနယ်နယ်ရှိ ဘုရားစေတီများတွင် ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာပြည်သူများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စည်ကားလျက်ရှိ

နမ္မတူ နမ္မတူမြို့နယ်ရှိ တောင်ပေါ်ဘုရား၌ ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ညပိုင်းတွင် ရှမ်းတိုင်းရင်းသားရိုးရာ ကိန္နရီကိန္နရာအကနှင့် တိုးနယားအကတို့ဖြင့် မြတ်စွာဘုရားရှင်အား ပူဇော်ကန်တော့ကာ ဆီးမီး၊ ရေချမ်း၊ ပန်း၊ ဆက်ကပ်လှူဒါန်းသူများ၊ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ လူမော် (ပြန်/ဆက်)
Subscribe to ဦးစီးဌာန(ရုံးချုပ်)