တာလေမြို့၌ အခြေခံစက်ခံချုပ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

တာလေ ဩဂုတ် ၁၄

တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုဦးစီဌာနမှကြီးမှူး၍ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းပညာများတတ်မြောက်လာစေရန် MSMEs  အခြေခံထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေး၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုခဲ့သည်။

ရှေးဦးစွာ တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်နိုင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အောင်မြင်ပြီးမြောက်ခဲ့သော သင်တန်းသူများအနက်မှ သင်တန်းသားခေါင်းဆောင်က အဆိုပါသင်တန်းကို ဖွင့်လှစ်ပေးခဲ့သော သင်တန်းဖြစ်မြောက်အောင်ဝိုင်းဝန်းကူညီပေးခဲ့ကြသော သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များကို သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ထိုနောက် သက်ဆိုင်ရာတာဝန်ရှိသူများက ကျေးလက်နေပြည်သူများ လူမှုဘဝတိုးတက်မြင့်မားစေရန် လုပ်ကိုင်နိုင်ရန်အတွက်လိုအပ်သည့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးလရောင် (ပြန်/ဆက်)