စလင်း၊ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်း တွင် ဖွင့်လှစ် ရောင်းချလျှက်ရှိသော စိုက်ပျိုးရေးဆေးဆိုင်များသို့သွားရောက်၍ စိုက်ပျိုးရေးဆေးပစ္စည်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြဝတီ ဇန်နဝါရီ ၃
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကော့ကရိတ်-မြဝတီအာရှလမ်း၊ ကွမ်းခြံကွေ့နေရာတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မှ မြဝတီသို့ မောင်းနှင်လာသည့် အလင်းရောင်မိုး မှန်လုံယာဉ်နှင့် မြဝတီမှထွက်ခွာသည့် ပရိုဘောက်ယာဉ်နှင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၄ ဦး အထိ ရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုတွင် ပရိုဘောက်ယာဉ်ပေါ်ပါ ၇ ဦးလုံးသေဆုံးခဲ့ပြီး မှန်လုံယာဉ်နှင့် ပရိုဘောက်ယာဉ်မှ သေဆုံးသူ ကျား ၁၂ ၊ မ ၆ ဦး စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
Copyright 2020