ကျိုင်းလပ်မြို့ ၌ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဒုတိယအကြိမ် မျိုးကွဲနုတ်ပယ်ခြင်းဆောင်ရွက်

ကျိုင်းလပ်  စက်တင်ဘာလ   ၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းလပ်မြို့တွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများ အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဒုတိယအကြိမ် မျိုးကွဲနုတ်ပယ်ခြင်းကို စက်တင်ဘာလ  ၄ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှ၀င်း၊ တာချီလိတ်ခရိုင် ဦးစီးမှူး ဦးမိုးကျော်စွာ၀င်း၊ တာချီလိတ် မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်၊ ခရိုင်မျိုးစေ့ တာ၀န်ခံ ဦးအေးကို၊ ခရိုင်ပိုးမွှား တာ၀န်ခံ ဦးရဲ၀င်းတို့မှ စိုက်ပျိုးရေး ဦးစီးဌာန  COVID-19 စီးပွားရေး ကုစားမှု  အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းအား ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဒုတိယအကြိမ် မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မျိုးကွဲနုတ်ပယ်ခြင်းသည် စပါးမျိုးစေ့ထုတ်လုပ်ငန်းတွင် မျိုးကောင်းမျိုးသန့် ရရှိစေရေး အတွက်ပြုလုပ် ဆောင် ရွက်ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ကျိုင်းလပ်မြို့ ဦးစီးမှူး ဦးစိုးမင်းအောင်ထံမှ သိရသည်။ 

ကျိုင်းလပ် ပြန်/ဆက်