ကွတ်ခိုင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း(၁၁)ခုမှ အသက် ၆၀ နှစ်နှင့် ၈၀နှစ် အကြားရှိ သက်ကြီးရွယ်အိုများနှင့် မြို့ပေါ်ရှိ မသန်စွမ်းသူများအား ထောက်ပံ့ကြေးများ ပေးအပ်ထောက်ပံ့

ကွတ်ခိုင် စက်တင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း(၁၁)ခုမှ အသက် ၆၀ နှစ်နှင့် ၈၀ နှစ် အကြားရှိ သက်ကြီးရွယ်အိုများနှင့် မြို့ပေါ်(၈)ရပ်ကွက်ရှိ မသန်စွမ်းသူများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ CERP အစီအစဉ်အရ ယနေ့ နံနက်ပိုင်းက ကွတ်ခိုင်မြို့၊ ပြည်ထောင်စုခန်းမ၌ ပေးအပ်ထောက်ပံ့သည်။

“တိုင်းရင်းသားပြည်သူလူထု‌တွေ အနေနဲ့လက်ရှိ COVID-19 ကပ်ရောဂါ ကာလအတွင်းမှာ အခက်အခဲများစွာ ကြုံတွေ့နေရတဲ့ အတွက်ကြောင့် ထပ်တိုးထောက်ပံ့‌ကြေးတွေကို နိုင်ငံတော်အစိုးရကိုယ်စား လူမှုဝန်ထမ်းဦးစီးဌာနက ပေးအပ်ထောက်ပံ့‌တာ ဖြစ်ပါတယ်"ဟု COVID-19 ရောဂါကာလအတွင်း စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ‌ ပေးအပ်ထောက်ပံ့ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က ပြောကြားသည်။

ပေးအပ်ထောက်ပံ့မှုတွင် ကွတ်ခိုင်မြို့၊ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊(၇)နှင့် (၈)ရပ်ကွက်အတွင်းရှိ မသန်စွမ်း သူ(၇၆၁) ဦးအတွက် တစ်ဦးလျှင်ငွေကျပ် (၃၀,၀၀၀) စုစုပေါင်း ငွေကျပ်(၂၂,၈၃၀,၀၀၀) သိန်းကို တာဝန်ရှိသူများက ပေးအပ်ရာ သက်ဆိုင် ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လက်ခံရယူသည်။

ဆက်လက်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း(၁၁)ခုမှ အသက် ၆၀နှစ်နှင့် ၈၀နှစ်အကြားရှိ သက်ကြီးရွယ်အို (၂၉၇)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၃၀,၀၀၀) စုစုပေါင်း ငွေကျပ် (၈,၉၁၀,၀၀၀)သိန်းတို့အား ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ရာ တိုက်ပွဲရှောင်စခန်းမှ တာဝန်ရှိသူများက လက်ခံရယူသည်။

အဆိုပါ ပေးအပ်ထောက်ပံ့သည့် အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်လူမှုဝ န်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အတွင်းရှိ မသန်စွမ်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တိုက်ပွဲရှောင် စခန်းမှ စခန်းတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုမိုင်း(ပြန်/ဆက်)