ပြည် စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးဝန်ကြီဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေကျပ် ၂၂၄ ဒသမ ၈၀သန်းဖြင့် Pretty Home Co.Ld မှ တာဝန်ယူတည်ဆောက်သည့် ပေ(၁၇၀x၃၀) RCC(၂)ထပ် ကျောင်းဆောင်သစ် ရာနှုန်းပြည့်ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
အဆိုပါ RCC နှစ်ထပ် ကျောင်းဆောင်သစ် ရာနှုန်းပြည့်ဆောက်လုပ်ပြီးစီးမှု အခြေအနေကို ပြည်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ဆောက်လုပ်ရေး ဦးစီးအရာရှိ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးအရာရှိ၊ မြို့နယ်စည်ပင်သာယာ အင်ဂျင်နီယာ တို့ပါဝင်သည့် မြို့နယ်ဆောက်လုပ်ရေးကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူများက စက်တင်ဘာ ၄ ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးကျော်ကြီး