ဦးစီးဌာန(ရုံးချုပ်)

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေး ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ၇၅ ရာခိုင်နှုန်းခန့် ပြီးစီး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း ရာသီမရွေး အဆင်ပြေစွာ ဝင်ထွက်သွားလာနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ် ခင်းလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ထံမှ သိရသည်။

နတ်မောက်မြို့ ၌ အသက်(၈၅)နှစ်နှင့် အထက်အဖိုးအဖွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထ သုံးလပတ်အတွက် အသက် ၈၅ နှစ် နှင့် အထက် အဖိုးအဖွားများအား ထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့ ညနေ ၃နာရီက နတ်မောက်မြို့ ရန်အောင်မြင် ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေး ခဲ့ကြသည်။

ခိုင်ကမ်းမြို့တွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးကင်းစမှ နှစ်နှစ်အထိ ကလေးများအား စတုတ္ထ သုံးလပတ် ထောက်ပံ့ကြေးပေးအပ်

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ MCCT အစီစဉ်အရ မြို့တွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက်(၂) နှစ်ထိကလေးငယ်များသို့ တတိယအကြိမ်နှင့်စတုတ္ထအကြိမ်အတွက် ထောက်ပံ့ကြေး ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ မြို့လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

တနင်္သာရီမြို့နယ်၊ တကူသံတိုက်ရွာ” ပညာအလင်း”စာကြည့်တိုက် ရေရှည်ရှင်သန်ရေး၊ မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်သီသီခိုင်နှင့် စာကြည့်တိုက်လက်ထောက်(၃) ဒေါ်သန်းဖြူလွင်တို့က စာကြည့်တိုက်များ ရေရှည်ရှင်သန်စေရေးနှင့် လက်ရှိမြေပြင်အခြေအနေအမှန်သိရှိနိုင်ရန်အတွက် ယမန်နေ့ကတကူကျေးရွာအုပ်စု- တကူသံတိုက်ရွာ ပညာအလင်း စာကြည့်တိုက်အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်နိုင်ရေး တစ်အိမ်တက်ဆင်း ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများ၊ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့နံနက် မြို့သစ်ရပ်ကွက်၌ကိုဗစ်-၁၉ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်းကျန်းမာ ရေးအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ဗဟန်းမြို့နယ်တွင် ကျန်းမာရေးစစ်ဆေးခြင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း COVID-19 ရောဂါကူးစက်ပြန့်နှံမှုများ မရှိစေရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်သည့်အနေဖြင့် ရပ်ကွက်နေ ပြည်သူများအား

ဝါးခယ်မမြို့နယ် ရွှေလောင်းတံတားပေါ်မှ ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြု

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာအုပ်စုရှိ ရွှေလောင်း တံတား ဟောင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်‌နေ့မှာ ဖြုတ်သိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးနောက် တံတားအဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ရာခိုင်နှုန်းအပြည့်နီးပါး ဆောင်ရွက်ပြီးဖြစ်သဖြင့် မော်တော်ယာဥ်များအား ယနေ့ နံနက် ၆ နာရီမှစတင်၍ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်တွင် သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်​   

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ​ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်ကျန်းမာ​ရေး ဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက လမ်း(၄၀) အထက်ဘ​လောက်ရှိ​ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ်တွင် Covid-19 ရောဂါပိုးတွေ့ရှိလူနာများနှင့်အနီးကပ် ထိတွေ့မှုရှိ၊ မရှိ (Contact tracing) အရှိန်အဟုန်မြှင့်ကွင်းဆင်းရှာ ဖွေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

ပန်းဘဲတန်း စက်တင်ဘာလ ၉

ပန်းဘဲတန်းမြို့နယ်တွင် Covid-19 ရောဂါပိုးတွေ့ရှိလူနာများနှင့် အနီးကပ်ထိတွေ့မှုရှိ၊မရှိ (Contact tracing) အရှိန်အဟုန်မြှင့်ကွင်းဆင်း ရှာဖွေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းကို အမှတ်(၅)ရပ်ကွက်၊ (၂၈)လမ်းအထက်ရှိနေ အိမ်များတွင် ယမန်နေ့က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ကျေးလက်နေပြည်သူများ သွားလာရေးအဆင်ပြေစေရန် အတွက် Cash for Work စီမံကိန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်မှု ၈၅ ရာခိုင်းနှုန်းခန့်ပြီးစီး

ကိုဗစ်-၁၉ ကူးစက်ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသောကျေးလက်ဒေသရှိပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာများတွင် အ​​ခြေခံ အဆောက်အအုံများ ဖွံ့ ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပေါင်းစုလုပ်အား အကူအညီပေးရေးအဖွဲ့ (NAG) တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အနောက်ပိုင်းဒေသများ
Subscribe to ဦးစီးဌာန(ရုံးချုပ်)