ခိုင်ကမ်း စက်တင်ဘာ ၁၀
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၏(Maternal and Child Cash Transfer- MCCT )အစီစဉ်အရ မြို့တွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက်(၂) နှစ်ထိကလေးငယ်များသို့ တတိယအကြိမ်နှင့်စတုတ္ထအကြိမ်အတွက် ထောက်ပံ့ကြေး ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ မြို့လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရှိရသည်။
မြို့အတွင်းကိုယ်ဝန်ဆောင်မိခင် ၁၅ ဦး မွေးကင်းစကလေး မှအသက်(၂)နှစ်ထိ ကလေးငယ်များသို့ တတိယအကြိမ်အတွက် (၂၈၇)ဦး နှင့် စတုတ္ထအကြိမ် အတွက် ၂၉၄ ဦးတို့အား အကျိုးခံစားခွင့် ရှိသူတို့၏ လက်ဝယ်အရောက်ပေးအပ် ထောက်ပံ့ခဲ့ကြောင်း လူမှုဝန်ထမ်းဦစီးဌာန တာဝန်ခံ ဦးပီတာငိုင်အွမ်ထံမှ သိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)