တနင်္သာရီမြို့နယ်၊ တကူသံတိုက်ရွာ” ပညာအလင်း”စာကြည့်တိုက် ရေရှည်ရှင်သန်ရေး၊ မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေး

တနင်္သာရီ စက်တင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဦးစီးမှူးဒေါ်သီသီခိုင်နှင့် စာကြည့်တိုက်လက်ထောက်(၃) ဒေါ်သန်းဖြူလွင်တို့က စာကြည့်တိုက်များ ရေရှည်ရှင်သန်စေရေးနှင့် လက်ရှိမြေပြင်အခြေအနေအမှန်သိရှိနိုင်ရန်အတွက်  ယမန်နေ့ကတကူကျေးရွာအုပ်စု- တကူသံတိုက်ရွာ ပညာအလင်း စာကြည့်တိုက်အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် မြေပြင်အမှန်”စံ”(၅)ချက်နှင့်ညီသောစာကြည့်တိုက်များ၊ ”စံ”(၅)ချက်နှင့် မညီသော လဲရှင်သန်အောင်မြင်နေသော စာကြည့်တိုက်တို့အတွက် အမှန်တကယ်လိုအပ်နေသော ပရိဘောဂ/စာအုပ်နှင့်အခြားလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် ညွှန်ကြားချက်နှင့် အညီ မြေပြင်ရှိအခြေအနေအမှန်ကို မှတ်တမ်းဓာတ်ပုံများနှင့်တကွ ပြန်လည်တင်ပြနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ကွင်းဆင်းရာတွင်“ပညာအလင်း”စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဆရာဦးသိန်းဇော်နှင့် ကော်မတီဝင်များကို တွေ့ဆုံ၍ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးမှူးဒေါ်သီသီခိုင်က”စံ” ညီ စာကြည့်တိုက်အဖြစ် ဆက်လက်ရှင်သန်ရပ်တည် နေနို်ငရန် ၎င်းစာကြည့်တိုက်တွင် အမှန်တကယ်လိုအပ်နေမှုများအပေါ်အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)