ကော့မှူး စက်တင်ဘာ ၁၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများ၊ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့နံနက် မြို့သစ်ရပ်ကွက်၌ကိုဗစ်-၁၉ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်းကျန်းမာ ရေးအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန နှင့် ရပ်ကွက် တာဝန်ရှိသူများက တစ်အိမ်တက် တစ်အိမ်ဆင်း ကျန်းမာရေး အသိပညာပေးခြင်း၊ ဖျားနာလူနာများ၊ မိမိနေအိမ်တွင် ညအိမ်ဧည့်သည်များ လက်မခံရန်၊ ပတ်ဝန်းကျင်တွင် ဧည့်သည်လာရောက်ပါက သက်ဆိုင်ရာ ရပ်/ကျေး ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ကျန်းမာရေးဌာနသို့ အကြောင်းကြားကြရန်၊ ကိုဗစ်-၁၉ ရောဂါများ တွေ့ရှိပါက အကြောင်းကြား ပေးကြရန် စသည့် ကျန်းမာရေးနှင့် ပက်သက်သော ကိစ္စများအား ရှင်းလင်း ပြောကြားခဲ့ သည်။
ထို့နောက် Hand speaker ဖြင့် ပြည်သူများအပြင်ထွက်ပါက နှာခေါင်းစည်း Mask တပ်ဆင်ကြ ရန်၊ လက်ကို မကြာခဏ စက္ကန့် ၄၀ ကြာအောင် ဆေးကြောရန်၊ Home Stay တွင် မလိုအပ်ဘဲ အပြင်မထွက်ကြရန်၊ လူစည်ကားရာ နေရာများကို ရှောင်ရှားကြရန်၊ ကျန်းမာရေး ဌာနမှ ကိုဗစ်-၁၉ နှင့် ပတ်သက်သော ညွှန်ကြားချက်များကို အတတ်နိုင်ဆုံး လေးစားစွာ လိုက်နာကြရန် ပြောကြားခဲ့သည်။
ကျော်သူရ (ကော့မှူး)