ကျေးလက်နေပြည်သူများ သွားလာရေးအဆင်ပြေစေရန် အတွက် Cash for Work စီမံကိန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်မှု ၈၅ ရာခိုင်းနှုန်းခန့်ပြီးစီး

ပေါက်  စက်တင်ဘာ  ၈

ကိုဗစ်-၁၉ ကူးစက်ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသောကျေးလက်ဒေသရှိပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာများတွင် အ​​ခြေခံ အဆောက်အအုံများ ဖွံ့ ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပေါင်းစုလုပ်အား အကူအညီပေးရေးအဖွဲ့ (NAG) တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံဖြိုးတိုးတက်ရေးစီမံကိန်း (WSAP) အစီအစဉ်ဖြင့် ပေါက်မြို့နယ် ဝန်ခြုံးကျေးရွာအုပ်စု ဝန်ခြုံးကျေးရွာတွင် ကျေးလက်ကုန်ထုတ် လမ်းဖောက် လုပ်ခြင်းကို Cash for Work စီမံကိန်း ဖြင့်သြဂုတ်လ ၁၈ ရက်နေ့က စတင်၍ ကျေးရွာလူထုများကိုယ် တိုင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှု ၈၅ ရာခိုင်နှုန်းခန့်ပြီးစီး နေပြီဖြစ်ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာတစ်ရွာကို ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၀၀ချထားပေးပြီး ကျေးရွာတွင် လိုအပ်သော ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း၊ ရေနှုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကို စက်တင်ဘာလဒုတိယပတ်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်သည်၊၊ အဆိုပါစီမံကိန်းသည် နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာလ အတွင်း စီးပွားရေးကုစားမှု အစီ အစဉ်တစ်ရပ်ဖြစ်ပြီး ဝင်ငွေနည်း ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ဝင်ငွေရရှိကာ ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 စီမံကိန်း ပံ့ပိုးငွေကျပ်သိန်း ၁၀၀ ဖြင့် ပေါက်မြို့နယ် ဝန်ခြုံးကျေးရွာအုပ်စု ဝန်ခြုံးကျေးရွာ၌ ကျေးလက် ကုန်ထုတ်လမ်းအရှည် ၂၇၀၀ ပေ၊ အကျယ် ၁၈ပေရှိသော မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းနှင့် လမ်းဘေးဝဲယာရေနှုတ်မြောင်းတစ်ဖက် ၂ ပေစီ တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ရာ ယခုအချိန်တွင် ၈၅ ရာခိုင်နှုန်းခန့်ဆောင်ရွက် ပြီး စီးနေပြီဖြစ်၍ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လမ်းပန်းဆက် သွယ်ရေးအဆင်ပြေသွားလာနိုင်မည်ဖြစ်ပြီး ယခင်ကထက် ပိုမိုဖွံ့ဖြိုးလာကာ မိသားစုများလည်း အပိုဝင်ငွေရရှိ၍ အဆင်ပြေကြောင်း ဝန်ခြုံးကျေးရွာ အုပ်ချုပ်ရေးမှူး ဦဖိုးထွေးထံမှ သိရှိရသည်။

ဉာဏ်တိုး(ပြန်/ဆက်)