မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေး ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ၇၅ ရာခိုင်နှုန်းခန့် ပြီးစီး

ပွင့်ဖြူ     စက်တင်ဘာ       ၁၃

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း ရာသီမရွေး အဆင်ပြေစွာ ဝင်ထွက်သွားလာနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ် ခင်းလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ထံမှ သိရသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း ရာသီမရွေး အဆင်ပြေစွာ ဝင်ထွက်သွားလာနိုင်ရေး အတွက် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် မြို့နယ်(ထွေ/အုပ်)ရုံး မုန်းသီတာ ခန်း  မရှေ့အဝင်လမ်း အရှည်ပေ ၃၁၉ ပေ အား လမ်းအကျယ် ၁၆ ပေ ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေကျပ် ၉ ဒသမ ၂၂၄ သန်းဖြင့် လည်းကောင်း၊ မြို့နယ်(ထွေ/အုပ်)ရုံးဝန်းအတွင်း ရုံးရှေ့မျက်နှာစာ လမ်း အရှည်ပေ ၉၇ ပေ အား အကျယ် ၁၆ ပေ ၊ ထု ၆ လက်မ ကွန်ကရစ်ခင်းခြင်းနှင့် ရုံးပတ်လမ်း အရှည်ပေ ၁၄၉ ပေ အား အကျယ် ၁၆ ပေ ၊ ထု ၆ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးခွင့်ပြု ရန်ပုံငွေကျပ် ၉ ဒသမ ၃၃၉ သန်းဖြင့် လည်းကောင်း ၊ မြို့နယ်(ထွေ/အုပ်)ရုံးရှေ့ အဝင်လမ်း အရှည်ပေ ၂၆၅ ပေအား အကျယ် ၁၆ ပေ ၊ ထု ၆ လက်မနှင့် မုန်းသီတာခန်းမရှေ့ လမ်းအရှည်ပေ ၉၃ ပေ အား အကျယ် ၉ ပေ ၊ ထု ၆ လက်မ ကွန်ကရစ်ခင်း ခြင်းလုပ်ငန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေကျပ် ၉ ဒသမ ၄၀၄ သန်းဖြင့် လည်းကောင်း မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ကြီးကြပ်ဆောင်ရွက်နေကြောင်း သိရပြီး ယခုအခါ လုပ်ငန်းဆောင်ရွက် ပြီးစီးမှု ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးပါက ဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ ရာသီမရွေးအဆင်ပြေစွာသွားလာနိုင်မည်ဖြစ်ကြောင်း  မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင် ထံမှ သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)