နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် မြို့ပတ်လမ်းအဆင့်မြှင့်တင်ခြင်း ကွန်ကရစ်ခင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ယခင်က ကျောက်ခင်း မြို့ပတ်လမ်းအပေါ် အဆင့်မြှင့်တင်ခြင်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ ၎င်းလုပ်ငန်းပြီးစီး
မှုအခြေအနေတို့အား ယမန်နေ့ မွန်းလွှဲ ၂ နာရီအချိန်က မြို့နယ်အရည်အသွေး စိစစ်ရေးအဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။