မချမ်းဘော့ သြဂုတ် ၁၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနား ကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မလိခအစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအားတီယောဟန်က အမှာစကားပြောကြားပြီး မချမ်းဘော့မြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းက ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် မချမ်းဘော့မြို့ပေါ် ရပ်ကွက်(၄) ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအားတီယောဟန်၊ မချမ်းဘော့ မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့ဝင်များသည် ကျေးရွာအုပ်စု (၁၅) အုပ်စုရှိ အခြေခံ လူတန်းစား အိမ်ထောင်စု (၅၂၀)စုအတွက် စုစုပေါင်း ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း တစ်ရာလေးသိန်းအား ပြည်သူလက်ဝယ်အရောက် နိုင်ငံတော်အစိုးရ၏ ကိုယ်စား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခွန်လင်းဦး(ပြန်/ဆက်)