ခိုင်ကမ်းမြို့တွင်အသက် ၅ နှစ်အောက် ကလေးငယ်များအား ဗီတာမင် အေနှင့် သံချဆေးတိုက်ကျွေး

ခိုင်ကမ်း  ဩဂုတ်  ၁၃

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ အသက် (၆) လမှ (၅) နှစ်အောက် ကလေးငယ်များ ရောဂါကာကွယ်ရန် လိုအပ်သော ဗီတာမင် (အေ) နှင့် သံချဆေးများကို ယနေ့နံနက်  ၉ နာရီအချိန်မှစ၍ ကျေးလက်ကျန်းမာရေးဌာနခွဲ (ခိုင်ကမ်း) တွင် ဆေးတိုက်ကျွေးခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ရောဂါကာကွယ်ရေးဆေးတိုက်ကျွေးခြင်းကို ကိုဗစ် ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရေးအတွက် ရပ်ကွက်အလိုက် အချိန်ခြား၍ တစ်ရက်လျှင် ကလေး (၅ဝ) ခန့်သာ တိုက်ကျွေး လျက်ရှိပါသည်။

အဆိုပါရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းတွင် အသက် (၆) လမှ တစ်နှစ်အထိကလေးငယ်များအတွက် ဗီတာမင် (အေ) တစ်သိန်းအားကိုလည်းကောင်း၊ အသက် (၁) နှစ်မှ (၅) နှစ်အောက် ကလေးငယ်များအတွက် ဗီတာမင် (အေ) နှစ်သိန်းအားနှင့် အသက် (၂) နှစ်မှ (၅) နှစ်အထိ ကလေးငယ်များကို သန်ချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရှိရပါသည်။ ခိုင်ကမ်းမြို့ အနေဖြင့် အသက် ၅ နှစ်အောက်ကလေးငယ် စုစုပေါင်း (၂၄၈) ဦးရှိကြောင်း သိရှိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)