ခေါင်လန်ဖူးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း အချက်အလက်များ မှန်ကန်စေရေး ပြင်ဆင်လျှောက်ထားမှု များ ဆောင်ရွက်

ခေါင်လန်ဖူး  ဩဂုတ်  ၁၃

ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်(၂၅) ရက်နေ့မှစ၍ ကပ်ထားကြေငြာလျက်ရှိရာ မဲစာရင်းများတွင် အချက်အလက်များ မှန်ကန်မှုရှိစေ‌ရေးအတွက် မဲဆန္ဒရှင်များက လာရောက်ကြည့်ရှုကြပြီး ပြင်ဆင်လို့သည့်အချက်အလက်များကို သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ တွင် လျှောက်ထားလျက်ရှိကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့နယ်အတွင်း ဇူလိုင်လ (၂၅) ရက်နေ့မှ သြဂုတ်လ (၁၂) ရက်နေ့ထိ အမည်စာရင်း မပါရှိ၍ ပုံစံ (၃) ဖြင့် လျှောက်ထားသူ (၁၂၁) ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ (၄) ဖြင့် ကန့်ကွက်သူ (၇၉) ဦး၊ မဲစာရင်းတွင် ကိုယ်ရေးအချက်အလက် မှားယွင်းသဖြင့် ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်ရန် လျှောက်ထားသူ (၂၀၁) ဦးရှိကြောင်း သိရသည်။ 

ခေါင်လန်ဖူးမြို့နယ်အတွင်း ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၃) အုပ်စုတို့တွင် မဲရုံ(၃၆) ရုံထားရှိပြီး ယနေ့အထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၈၄၆၉) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးဦးနန်‌ဇေ့ဖုန်ဂါရမ် ထံမှ သိရသည်။

ငြိမ်းအိအိဖြိုး(ပြန်/ဆက်)