ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ဓါတ်ကြိုးနှင့် မလွှတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ရှင်းလင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် လေပြင်းတိုက်ခတ်မှုများကြောင့် သစ်ကိုင်းသစ်ပင်ကြီးများရှိရာ လမ်းများတွင် လမ်းသွားလာ အသုံးပြုသူများ အဆင်ပြေလွယ်ကူစေရန် (၄၈) ရပ်ကွက် အောင်တံခွန်လမ်းနှင့် ရွှေသပြေလမ်းတို့တွင် ဓါတ်ကြိုးနှင့် မလွတ်ကင်းသည် သစ်ပင်သစ်ကိုင်းများအား ယနေ့နံနက်ပိုင်းက ခုတ်ထွင်ရှင်းလင်းခဲ့သည်။