ညောင်ရွှေမြို့ မြို့မမင်္ဂလာဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်
ပြည်သူလူထု၏ အသက်စည်းစိမ်အိုးအိမ် ထိခိုက်ပျက်စီးမှုကြိုတင်ကာကွယ်ရန်၊ ဈေးဆိုင်ခန်းများနှင့် ပတ်ဝန်းကျင်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် တွေ့ကြုံလာပါက မြန်ဆန်ထိရောက်စွာ တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် ဈေးသူဈေးသားများစုပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ လက်တွေ့မီးငြိမ်းသတ်မှု သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီ ၁၂ ရက် နံနက်(၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင် ရွှေမြို့ မြို့မမင်္ဂလာဈေးကြီးအတွင်း၌ ဆောင်ရွက်ခဲ့သည်။