ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝန်ကြီးချုပ်ဖလားအမျိုးသား ပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲ၊ ပြည်နယ်အစိုးရအဖွဲ့၏စုပေါင်းမဟာဘုံကထိန်အလှူမင်္ဂလာအခမ်းအနားနှင့်ရိုးရာကောက်သစ်စားပွဲနှင့်လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲငန်းညှိနှိုင်းအစည်းအဝေးပွဲသို့တက်ရောက်
ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဒုတိယအကြိမ်အဖြစ် ဒေသတွင်းရှိ ပိုက်ကျော် ခြင်းအသင်းများ ပါဝင်ယှဉ်ပြိုင်သည့် အမျိုးသား (၄) ယောက်တွဲ ပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရှိ မိုးလုံလေလုံအားကစား ခန်းမ၌ ယနေ့ နံနက် ၈ နာရီက ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်၍ ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ် သည်။