သဲကုန်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)၌ ဥပုသ်သီလဆောက်တည်သူများ၊ ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများနှင့် စတုဒီသာ ကျွေးမွေးသူများဖြင့်စည်ကား
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာနေ့ထူးနေ့မြတ်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုးများ၌ ဥပုသ်သီလဆောက်တည်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများနှင့် စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိသည်။