ပွင့်ဖြူ ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အစိုရ၏ ရက်(၁၀၀)ကာလအတွင်း ပြည်သူလူထုအကျိုးပြု Quick Win အစီအစဉ်ဖြင့် ယမန်နေ့က မြို့တွင်းရှိ လမ်းမီးတိုင်များတွင် ဆိုလာမီးသီးများတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ပွင့်ဖြူမြို့ မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ ညပိုင်းသွားလာရာ၌ အဆင်ပြေစွာသွားလာနိုင်ရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် 100 W ဆိုလာမီးသီး အလုံး(၃၀) အား မြို့နယ်လျှပ်စစ်ဝန်ထမ်းများနှင့် ပူးပေါင်းပြီး မြို့တွင်းလမ်းမီးတိုင်များတွင် တပ်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုလာမီးသီးများ လမ်းမီးတိုင်များတွင် တပ်ဆင်ဆောင်ရွက်နေမှုအား မြို့နယ်စည်ပင်သာယရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )