ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာတွင် တန်ဆောင်မုန်းလပြည့်နေ့ (၆၄)ကြိမ်မြောက် ဆွမ်းကြီးလောင်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာတွင် တန်ဆောင်မုန်း လပြည့်နေ့ရောက်တိုင်း ဆွမ်းကြီးလောင်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ရိုးရာအစဉ်အလာမပျက် ကျင်းပခဲ့ရာ နိုဝင်ဘာလ ၄ ရက်နေ့နံနက် (၆)နာရီက (၆၄) ကြိမ်မြောက် ဆွမ်းကြီးလောင်းပွဲတော်ကို ကွမ်သဲကျေးရွာ လမ်းမကြီးတစ်လျှောက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။