ကျောက်တန်းမြို့နယ်တွင် မဟာသင်္ကြန်အကျနေ့၌ ပြည်သူများ ပျော်ရွှင်စွာ သင်္ကြန်ပွဲဆင်နွှဲ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ယခုနှစ် မဟာအတာသင်္ကြန်ပွဲတော် အကျနေ့၌ ပြည်သူများ ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ကျောင်းကန်ဘုရားများ၌ ဥပုသ်သီလဆောက်တည်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ကြသည်။