ဟင်္သာတမြို့နယ်တွင် ကျန်းမာရေးအဆင့်မြှင့်ကျောင်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းပြုလုပ်

ဟင်္သာတ ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၌ ကျန်းမာရေးအဆင့်မြှင့်ကျောင်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ဇွန်လ ၁၇ ရက်နေ့နံနက် (၉း၀၀) နာရီက ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင်က သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဦးစားပေးဆောင်ရွက်မည့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ ဟင်္သာတမြို့နယ်မှ ပညာရေးဝန်ထမ်း (၃၇) ဦး၊ ကျန်းမာရေး ဝန်ထမ်း (၁၄) ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် ကျန်းမာရေးအဆင့်မြှင့် ကျောင်းထူထောင်ရေး လုပ်ငန်းစဉ်များဖြစ်သည့် ကျောင်းအခြေပြု ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျောင်းအခြေပြုရောဂါကာကွယ်ရေး၊ ကျောင်းတွင်းအာဟာရ ဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေး၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှု၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် ကျောင်းမှပြည်သူအတွင်းသို့ မူမှန်လူနေမှုဘဝဟန်များ ရောက်ရှိရေး၊ နှစ်သိမ့်ပညာပေး ဆွေးနွေးခြင်းနှင့် လူမှုရေးပံ့ပိုးမှု၊ ကျောင်းကျန်းမာရေး သီတင်းပတ်တွင် ဆောင်ရွက်ရမည့် အဓိကလုပ်ငန်းများစသည့် အကြောင်းအရာများကို သင်တန်းဆရာများက အသေးစိတ် သင်ကြားပို့ချခဲ့ကြပါသည်။ ထို့ပြင်ဟင်္သာတမြို့နယ်ရှိ အခြေခံပညာကျောင်းတိုင်း ကျန်းမာရေး အဆင့်မြှင့်ကျောင်းများ ဖြစ်ပေါ်လာစေရေးကို ရည်ရွယ်ပြီး ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ အခြေခံအချက်အလက်များရရှိစေရန် ဆန်းစစ်လွှာကို အသုံးပြု၍ (၂၀၂၆) ခုနှစ် ဇူလိုင်လနှင့် ဩဂုလအတွင်း အခြေခံပညာကျောင်းများတွင် ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ် ဆန်းစစ်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)