အမြို့မြို့အနယ်နယ်သတင်းများ

ပွင့်လင်းရာသီတွင် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လေ့လာလည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်

ပွင့်လင်းရာသီတွင် ခရီးသွားဧည့်သည်များ စဉ်ဆက်မပြတ်ဝင်ရောက်လာစေရေး၊ ဒေသတွင်း ခရီးစဉ်ဒေသများနှင့် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁၀/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

လာမည့်ရွေးကောက်ပွဲတွင် မဲပေးမှုမဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်းရှိ လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများမဲပေးနိုင်မှု မဆုံးရှုံးစေရေးအတွက် အမရပူရမြို့နယ်လဝကမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့က အမရပူရမြို့နယ် မကျီးကိုင်းကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟင်္သာတခရိုင် ပြန်/ဆက်ဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ်အုပ်စု၊ သာဒီကွင်းအလယ်တန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် တီဘီရောဂါကွင်းဆင်းရှာဖွေရေးအဖွဲ့မှ တီဘီရောဂေါရှာဖွေခြင်းလုပ်ငန်းနှင့် အခမဲ့ရင်ခေါင်းဓာတ်မှန်ရိုက်ပေးခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တီဘီရောဂါကွင်းဆင်းရှာဖွေရေးအဖွဲ့မှ တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းနှင့် အခမဲ့ရင်ခေါင်းဓာတ်မှန်ရိုက်ပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက အ.ထ.က(ခွဲ)အမှတ် ၁ စာသင်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့၌ မကူးစက်နိုင်သောရောဂါများ (နှလုံး၊ ဆီးချို၊ သွေးတိုး၊ နာတာရှည်အဆုတ်) ရောဂါနှင့်ပတ်သက်သည့် NCD clinic လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ကာကွယ်ဆေးထိုးလုပ်ငန်းများလွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရန်နှင့် မကူးစက်နှင့် ကူးစက်တတ်သောရောဂါများဖြစ်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ညောင်လေးပင်မြို့ ဝါးရုံကုန်းကျေးရွာအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂ဝ၂၅ ခုနှစ်၊ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ၂၀၂၅ ခုနှစ်၊ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီနာယက၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယခုနှစ်မှာလည်း အောင်မြင်စွာကျင်းပြုလုပ်သွားမှာဖြစ်ပြီး စုပေါင်းမဟာဘုံကထိန်ပွဲကို အားလုံးပူးပေါင်းပါဝင်၍ ကုသိုလ်ကောင်းမှုပြုနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ အေးချမ်းသာယာစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ MSME ဈေးရောင်းပွဲတော်များ ကျင်းပနိုင်ရေး မီးရှူး မီးပန်းများ ပစ်လွှတ်နိုင်ရေးနှင့် မီးပုံးပျံများ လွှတ်တင်နိုင်ရေးတို့အတွက်လည်း လုပ်ငန်းကော်မတီဝင်များအားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ 

ချောက်မြို့၊ အ.ထ.က (၁)ကျောင်း၌ လူငယ်‌ရေးရာ အသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ

မကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ်‌ ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က အ.ထ.က(၁)​​ကျောင်း မြရိပ်ညိုခန်းမ ၌ ကျင်းပခဲ့သည်။

တောင်ငူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် ဥသျှစ်ပင်ကျေးလက်ကျန်းမာရေးဌာနတွင် မကူးစက်တတ်သောရောဂါများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလတ်သူသူကျော်နှင့် ဥသျှစ်ပင်မြို့ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများက မကူးစက်တတ်သောရောဂါများနှင့်ပတ်သက်၍ ဖြစ်ပွားမှုနှုန်း၊ အန္တရာယ်နှင့် ကာကွယ်ကုသနည်းများကို သိရှိစေရန် ယမန်နေ့နံနက်ပိုင်းက ဥသျှစ်ပင်ကျေးလက်ကျန်းမာရေးဌာနတွင် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ