ကြည့်မြင်တိုင်မြို့နယ်တွင် “မှုခင်းကျဆင်း‌ရေးအသိပညာ‌ပေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ကြည့်မြင်တိုင် ဇွန် ၁၈

ကြည့်မြင်တိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မှုခင်း ကျဆင်းရေး အသိပညာပေး ပြည်သူ့စကားဝိုင်း (Public Talk)ကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် စျေးကလေးရပ်ကွက်၊ ဗုဒ္ဓဝိဟာရဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီအချိန်က  ကျင်းပခဲ့သည်။

ပြည်သူ့စကားဝိုင်း (Public Talk)တွင် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သက်မာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ပြည်သူ့စကား၀ိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ဆက်လက်၍ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သက်မာ၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းမိုး၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးညီညီ၊ မြို့နယ်မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်စိုး၊ မြို့နယ်ဥပဒေအရာရှိ ဦးနေလင်းဇော်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခိုင်ဇာလင်းတို့က မှုခင်းအမျိုးအစားများ၊ အိမ်နှင့်ပတ်၀န်းကျင်အား ကြိုတင်ကာကွယ်မှုများ၊ မှုခင်းကျဆင်းရေး အတွက် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်နေမှုများ၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် အကြောင်း၊  မိန်းကလးငယ်နှင့်ကလးသူငယ်များအပေါ် ကာကွယ်ရန်နှင့် ပြည်သူလူထုမှ ပူးပါင်းပါ၀င် ဆောင်ရွက်ရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက အသီးသီး ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)