ကော့သောင်းမြို့တွင် "စုပေါင်းကာကွယ် မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ်”  အသိပညာပေး

ကော့သောင်း မတ် ၄

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ“စုပေါင်းကာကွယ် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊မဉ္ဇူသကခန်းမတွင် ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက “မီးခိုးမြူ‌‌ငွေ့ညစ်ညမ်းမှုကြောင့် ကျန်းမာရေး၊ပတ်ဝန်းကျင်နှင့် လူမှုစီးပွားအပေါ် သက်ရောက်မှုများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်ပေါ်ရသည့် အကြောင်းရင်းများ၊ မြန်မာနိုင်ငံတွင် မီးလောင်မှုနှင့်မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်ပေါ်ခြင်း၊ တနင်္သာရီ တိုင်း‌ဒေသကြီးတွင် Fire Hotspot  ဖြစ်ပေါ်မှုအခြေအနေ၊ Fire Hotspotဖြစ်ပေါ်မှု လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးကော်မတီနှင့် လုပ်ငန်းအဖွဲ့များ၊ မီးလောင်မှု(Fire Hotspot)၊နယ်စပ် ဖြတ်ကျော်မီးခိုးမြူငွေ့ဖြစ်ပေါ်မှုနှင့် ဝန်းကျင်လေထုအခြေနေစောင့်ကြည့်လေ့လာခြင်း၊ Fire Hotspot ဖြစ်ပေါ်မှုကို မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ လယ်ယာထွက်အကြွင်းအကျန်စွန့်ပစ်ပစ္စည်းများ မီးရှို့ဖျက်ဆီးမှုလျော့နည်းစေရေးဆောင်ရွက်လျက်ရှိသည့် နည်းလမ်းများ၊ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်နိုင်ရေး ပြည်သူလူထုမှပါဝင်ဆောင်ရွက်ရမည့်အချက်များ၊" ဟောပြောဆွေးနွေးသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာသူများအား “မမြင်နိုင်သောလူသတ်သမား PM2.5" အသိပညာပေး ဗီဒီယိုမှတ်တမ်းအား ပြသခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက မီးခိုးမြူငွေ့နှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များအား ကော့သောင်းခရိုင်၊ တောမီးနှင့်အခြားမီးများကြောင့် မီးလောင်မှု Hotspot အရေအတွက်များပြားနေခြင်းကို လျှော့ချရေးနှင့်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းအဖွဲ့ထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)