ရေဖြူ မတ် ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်နှင့် အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့် (191) Sticker များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်(၈)နာရီကလမ်းဆုံများနှင့် မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်ဦးစီးမှူးဦးမောင်မောင်အေးနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက ရေဖြူမြို့အတွင်းရှိပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အခြားသဘာဝဘေး အန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန် သဘာဝဘေးအန္တရာယ်တစ်ခုခုဖြစ်ပေါ်လာပါက အချိန် နှင့်တပြေးညီဆက်သွယ်နိုင်ရန် အရေးပေါ်ဖုန်းနံပါတ်၊ 191 ပါရှိသည့် စတစ်ကာများနှင့် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်းဆောင် ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)