ဘုတ်ပြင်း မတ် ၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို လစဉ်လဆန်းပိုင်းတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလးမိခင်များကိုပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာ သတိပြုနေထိုင်ရမည့် ဆောင်ရန်ရှောင်ရန်များနှင့် ပတ်သက်သည်များကို အသိပညာပေးပြောကြားပြီး ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ မွေးကင်းစမှအသက် (၂)နှစ်အထိ ကလေးများအား BCG ဦးနှောက်အမြှေးရောင်တီဘီ၊ လူးစေ့တီဘီရောဂါကာကွယ်ဆေး၊ OPV ပိုလီယိုရောဂါကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်အမြှေးရောင် ရောဂါကာကွယ်ဆေး၊ (ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ) စသည့်(၅)မျိုးစပ် ကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးစသည့် အသက်အရွယ်အလိုက်သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို လစဉ်ပုံမှန် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)