ကလိန်အောင်မြို့လူထုအခြေပြုဗဟိုဌာန၌လူငယ်များဗလငါးတန်းဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာအသိပညာပေး

ကလိန်အောင် ဇူလိုင် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာနခန်းမတွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့  မွန်းလွဲ(၁)နာရီက ကျင်းပ‌သည်။

ဟောပြောပွဲတွင် ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ခင်ခင်လဲ့က မျိုးဆက်သစ်လူငယ်များအ‌နေဖြင့် အသိပညာဗဟုသုတတိုးပွား၍ ဗလငါးတန်းနှင့်ပြည့်စုံစေရန်၊  ဘက်စုံထူးချွန်သည့်လူငယ်များဖြစ်လာစေရန် လူငယ်များအတွက်လေ့လာသင်ယူရမည့် အခွင့်အလမ်းကောင်းများစွာရှိကြောင်းနှင့်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ရမည့် လူတော်လူကောင်းများဖြစ်လာစေရန် အကျင့်စာရိတ္တကောင်းမွန်ပြီး ကျန်းမာရေးကောင်းမွန်စေရန် အားကစားများ၊ စာပေဗဟုသုတများတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး လူငယ်များအ‌နေဖြင့် လူငယ်ဘဝဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ပြီးလူငယ်လူရွယ်များက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

ကလိန်အောင်(ပြန်/ဆက်)